A d v e r t i s e m e n t With Us

ဖြူးငလျင် ပြတ်ရွေ့ကြောအသစ်က လှုပ်ခြင်းဟု ငလျင်ပညာရှင် ပြော

ပဲခူးတိုင်း ဖြူးမြို့နားတ၀ိုက် လေးငါးခြောက်ကြိမ် လှုပ်နေတဲ့  ငလျင်ပြတ်ရွေ့ကြောဟာ အခုမှ ပေါ်လာတဲ့ ငလျင်ကြောအသစ်ဖြစ်တယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယက ဒေါ်လှလှအောင်က ပြောပါတယ်။ “မြန်မာနိုင်ငံ တနိုင်ငံလုံးမှာရှိတဲ့ ပြတ်ရွေ့တွေ ကျမကိုယ်တိုင်ဆွဲထားတာ ရှိတယ်။ အဲဒီထဲမှာ အဲဒီနေရာ မပါဘူး ဆိုတော့ သူ့ဘာသာသူ နဂိုက ရှိတယ်။ ဒါပေမယ့် သူက တခါမှ ငလျင် မလှုပ်ဖူးသေးဘူး အနေအထားမျိုးမှာ ရှိတယ်။ အခု လှုပ်လိုက်တဲ့ အခါကျတော့ တော်တော်လေး မျက်လုံးပြူးသွားတယ်။ ဘာလို့ဆိုတော့ စစ်ကိုင်းပြတ်ရွေ့မှာလည်း မဟုတ်ဘူး၊ ၂၀၁၇ ခုနှစ်တုန်းက တိုက်ကြီးငလျင်ကို လှုပ်စေတဲ့ ပြတ်ရွေ့လည်း မဟုတ်ဘူး၊ သူ့ နှစ်ခု ကြားထဲမှာ။” မြေပုံပေါ်မှာ တင်မထားရသေးတဲ့ ပြတ်ရွေ့ကြော အသစ်ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဖြူးမြို့ အနောက်တောင်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အားရစ်(ခ်ျ)တာ စကေး ၆.၀ အဆင့်ရှိ မြေငလျင် ၁ ကြိမ်၊ ၅.၃ အဆင့် ၃ ကြိမ်နဲ့ ၄.၇ အဆင့်ရှိ ၁ ကြိမ်၊ အခုနောက်ဆုံး မနက် ၁၀ နာရီကျော်မှာ  အင်အားရစ် (ခ်ျ) တာစကေး ၄.၆ အဆင့်ရှိ အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်တကြိမ် အသီးသီး လှုပ်ခတ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up