Home
မြန်မာသတင်း
ပြည်နယ်/တိုင်းဝန်ကြီးနှင့် ကိုယ်စားလှယ် ၃၀ ကို စစ်ဆေးနေ
နေဖြိုးဝင်း
·
January 12, 2018
ပြည်သူတွေရဲ့ တိုင်ကြားတာတွေကြောင့် ပြည်နယ်နဲ့ တိုင်းက အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ကိုယ်စားလှယ် အယောက် ၃၀ ကို စစ်ဆေးနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ လာဘ်စားတာ၊ စွမ်းဆောင်ရည်မကောင်းတာ စတာတွေနဲ့ပတ်သက်ပြီး တိုင်ကြားတာတွေရှိလို့ တိုင်းနဲ့ ပြည်နယ်တချို့က ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတချို့ကို စစ်ဆေး နုတ်ထွက်စာတင်ခိုင်းထားတာဖြစ်ပြီး အယောက် ၃၀ ကို စစ်ဆေးနေတာလို့ အန်အယ်လ်ဒီ ဗဟိုသတင်းပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောပါတယ်။ မနေ့က နေပြည်တော်မှာ ပြန်ကြားရေးဝန်ကြီးဌာနကပြုလုပ်တဲ့ ဒီဂျစ်တယ်သတင်းစာနဲ့ News Portal မိတ်ဆက်ပွဲအပြီးမှာ မီဒီယာတွေကို ပြောသွားတာဖြစ်ပြီး အခုစစ်ဆေးနေတဲ့ အယောက် ၃၀ မှာ ပြည်ထောင်စုအဆင့်မပါဝင်ဘဲ ပြည်ထောင်စုအဆင့်ကို သက်သက်သီးခြား ကိုင်တွယ်တာဖြစ်နိုင်တယ်လို့ လည်းဆိုပါတယ်။ လက်ရှိမှာ ဧရာဝတီတိုင်းဝန်ကြီးချုပ်မန်းဂျော်နီနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဘဟိန်း၊ မကွေးတိုင်းက စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဦးစိုးမြင့်နဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးနေမျိုးကျော်၊ ပဲခူးတိုင်းက သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းဇံနဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့ကို နုတ်ထွက်သွားကြပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024