Home
မြန်မာသတင်း
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရေဝေး ဂျပန်စစ်သင်္ချိုင်းသို့ သွားရောက်
DVB
·
January 12, 2018
မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုဟာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၊ ရေဝေးသုသာန်ဝင်းရှိ ဂျပန်စစ်သင်္ချိုင်းကို သွားရောက် လေ့လာခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ခရီးစဉ်အတွင်း  မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သီလဝါ အထူးစီးပွားရေးဇုန်ကို သွားရောက်ဖို့ရှိပြီး ဂျပန်နိုင်ငံ စီပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိသလို ရခိုင်ပြည်နယ် မောင်တောဒေသကိုလည်း သွားရောက်လေ့လာဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မနေ့ညနေက  လေကြောင်းခရီးစဉ်နဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024