Email This Story :
အာဆင်နယ် ကွင်းလယ်ကစားသမား ကိုကွီလင်ဟာ စပိန်ကလပ် ဗလင်စီယာအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီထားတယ်လို့ နည်းပြ အာစင်ဝင်းဂါးက အတည်ပြုလိုက်ပါတယ်။
ပြင်သစ် ကွင်းလယ်ခံစစ်ကစားသမား ကိုကွီလင်ဟာ ရှာခါနဲ့ အယ်လ်နန်နီတို့ ရောက်ရှိလာပြီးနောက် ပွဲထွက်ရဖို့ ရုန်းကန်ခဲ့ရတာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဗလင်စီယာအသင်းအနေနဲ့ ကိုကွီလင်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀ ဒသမ ၆ သန်း ပေးချေမှာဖြစ်ပြီး ရက်ပိုင်းအတွင်း အပြီးသတ် စာချုပ်ချုပ်မယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်ရှိ ကိုကွီလင်ဟာ ၂၀၀၈ ခုနှစ်ကတည်းက အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာသူဖြစ်ပြီး အာဆင်နယ်အတွက် ၁၅၉ ပွဲ ကစားခဲ့ပါတယ်။