A d v e r t i s e m e n t With Us

အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှိုင်းယား လာမည့် ပရီးမီးယားလိဂ်ပွဲစဉ် လွဲချော်ဖွယ်ရှိ

အာဆင်နယ် ကွင်းလယ်ကစားသမား ဂျက်ဝီလ်ရှိုင်းယားဟာ ချဲလ်ဆီးနဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာကြောင့် လာမယ့်တပတ်မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။ အင်္ဂလန်လိဂ်ဖလား (ကာရာဘောင်ဖလား) ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ မနေ့ညက ယှဉ်ပြိုင်ခဲ့ရာ ဂိုးမရှိသရေကျခဲ့ပြီး ဝီလ်ရှိုင်းယားအနေနဲ့ ပွဲချိန်မိနစ် ၆၀ မှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ ဒဏ်ရာအခြေအနေ အသေးစိတ် မသိရသေးပေမယ့် ပြင်းထန်တဲ့ဒဏ်ရာ မဟုတ်တာကြောင့် ကာလရှည် အနားယူရဖို့ မရှိပေမယ့် ဘုန်းမောက်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ လွဲချော်ဖို့ရှိနေတာပါ။ ဝီလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့နှစ်က ဘုန်းမောက်အသင်းမှာ အငှားထွက်ကစားခဲ့ဖူးပါတယ်။ ကွင်းလယ်လူတွေဖြစ်တဲ့ ရမ်ဆေးနဲ့ အိုဇေးလ်တို့လည်း ဒဏ်ရာပြဿနာရှိနေတဲ့ အာဆင်နယ်အသင်းအတွက် ဝီလ်ရှိုင်းယား ဒဏ်ရာရရှိမှုဟာ ထိုးနှက်ချက်တခု ဖြစ်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up