ပဲခူးတိုင်းအစိုးရဝန်ကြီး ၂ ဦး နုတ်ထွက်စာတင်
DVB
·
January 11, 2018
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦး ဇန်နဝါရီ ၁၀ရက် ညနေပိုင်းက ရာထူးကနေ နုတ်ထွက်စာတင်လိုက်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သစ်တောဝန်ကြီး ဦးကျော်မင်းစံနဲ့ စည်ပင်ဝန်ကြီး ဦးမောင်မောင်လွင်တို့ မနေ့ ညနေ ၄ နာရီလောက်က ရာထူးကနေ ဆန္ဒအလျောက် နုတ်ထွက်စာ တင်ထားလိုက်တာလို့ သစ်တောဝန်ကြီး ဦးကျော်မင်းစံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၉ ရက်က ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ ၀န်ကြီးတဦးတို့ ရာထူးက နုတ်ထွက်သွားသလို ဇန်န၀ါရီ ၁၀ ရက်ကလည်း မကွေးတိုင်းဒေသကြီးက ၀န်ကြီးနှစ်ဦး ရာထူးက နုတ်ထွက်သွားပါတယ်။