Home
မြန်မာသတင်း
နုတ်ထွက်သည့်သတင်း လုံးဝမှားယွင်းကြောင်း ရခိုင်ဝန်ကြီးချုပ်ပြော
DVB
·
January 11, 2018
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်သွားတယ်ဆိုပြီး ဖေစ့်ဘွတ်စာမျက်ပေါ်မှာ ပျံ့နှံ့သွားတဲ့သတင်းလုံးဝမှားယွင်းကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။ မောင်တောဒေသအခြအနေကို လေ့လာဖို့ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေနဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ် အစိုးရရုံးအဖွဲ့မှာ သတင်းမီဒီယာတွေ တွေ့ဆုံတုန်းမှာ မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် အခုလို ဖြေကြားလိုက်တာပါ။ “မနေ့က ကျနော်နဲ့ပတ်သတ်တဲ့ဟာ လုံးဝလွဲမှားတာပေါ့။ လွဲမှားဟာကျတော့ လူတွေကလည်းပဲ သို့လော သို့လော ဖြစ်တာပေါ့နော်။ အဲဒီလို ဖြစ်တာကကျတော့ သိပ်တော့ မကောင်းဘူးပေါ့နော်။ ဒါတွေဟာ တကယ်မှန်မှန်ကန်ကန် တိတိကျကျနဲ့ ဒီဖေစ့်ဘွတ်ပေါ်မှာ ရောက်လာရင်တော့ ပိုပြီးတော့ အကျိုးရှိမှာပေါ့။” ပြီးခဲ့တဲ့နှစ်ရက်အတွင်း တိုင်းဝန်ကြီးချုပ် တဦး အပါအဝင် ဝန်ကြီးသုံးဦး သဘော ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ ဧရာဝတီတိုင်း ဝန်ကြီးချုပ်တဦး အပါအဝင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးနှစ်ယောက်ဖြစ်တဲ့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်းကြီးဌာန ဝန်ကြီးဦးစိုးမြင့်နဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်းအားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော်တို့ကို ဝန်ကြီးရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်တာပါ။ သတင်း - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024