Live
Home
မြန်မာသတင်း
ဖမ်းဆီးခံလူငယ် ၅ ဦးကို လွှတ်ပေးရန် လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့တောင်းဆို
DVB
·
January 11, 2018
ဖမ်းဆီးခံထားရတဲ့ ကရင်နီလူငယ် ၅ ဦးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ​ကယားပြည်​နယ်​အ​ခြေစိုက်​ တိုင်းရင်းလက်​နက်​ကိုင်​​တွေဖြစ်​တဲ့ ကယန်းပြည်​သစ်​ပါတီနဲ့ ကရင်​နီပြည်​ လူမျိုး​ပေါင်းစုံပြည်​သူ့လွတ်​​မြောက်​​ရေးတပ်​ဦးတို့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။ ကရင်​နီအမျိုးသားတိုးတက်​​ရေးပါတီ (ကေအန်ပီပီ) ရဲ​ဘော်​ ၃ ဦးနဲ့ အရပ်​သား ၁ ဦး ​​သေဆုံးအမှု အမှုမှန်ေ​ပါ်​ပေါက်​ဖို့ ဒီဇင်ဘာ​ ၂၂ ရက်​​က ဆန္ဒထုတ်​​ဖော်​ ​တောင်းဆိုခဲ့တဲ့ လူငယ်​ ၅ ဦးကို ငြိမ်းစုစီပုဒ်​မ-၁၉ နဲ့ ဖမ်းဆီးအ​ရေးယူခဲ့တာကြာင့်​ အဆိုပါ လူငယ်​ ၅ ဦးကို ခြွင်းချက်​ မရှိ အမြန်​ဆုံးလွှတ်​​ပေးဖို့ ​ပူးတွဲ ​ကြေညာချက်​ ထုတ်​ပြန်တောင်းဆိုလိုက်တာပါ။ လက်ရှိအချိန်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းရေးရဖို့ အတွက် ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းနေတဲ့ကာလဖြစ်တယ်၊ ပြည်နယ်အတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိခိုက်နစ်နာမယ့် ခြိမ်းခြောက်မှု ဖြစ်ရပ်တွေကို မပေါ်ပေါက်စေဖို့ ခုလို ထုတ်ပြန်တာလို့ဆိုပါတယ်။ ဒါ့အပြင် ကေအန်ပီပီတပ်ဖွဲ့ဝင်တွေ ပစ်သတ်ခံရတာဟာ တနိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေးကို ထိခိုက်ခြိမ်းခြောက်မှုဖြစ်တယ်၊ အလားတူအဖြစ်မျိုးနောင်မပေါ်ပေါက်စေဖို့၊ တရားမျှတစွာ အရေးယူဆောင်ရွက်ဖို့၊ ကျန်ရစ်သူမိသားစုအတွက် နစ်နာဆုံးရှုံးမှုတွေကို ဆောင်ရွက်ပေးဖို့ လည်းတောင်းဆိုထားပါတယ်။ အမှုမှန်​ ​ပေါ်​ပေါက်​ဖို့ ဆန္ဒပြ​တောင်းဆိုတဲ့ လူငယ်​ ၅ ဦးကို ဇန်​နဝါရီ ၅ ရက်​​မှာ ဖမ်းဆီးခဲ့တာဖြစ်​ပြီး လတ်​တ​လောမှာ တရားရုံးမှာ အမှုရင်​ဆိုင်​​နေရဆဲ ဖြစ်​ပါတယ်​။ ခွန်းတူးတူး​လေး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024