Home
မြန်မာသတင်း
နမ့်စန်မြို့ပြင်အမှိုက်ပုံအနီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၃ ဦး ဖမ်းမိ
DVB
·
January 11, 2018
ရှမ်းပြည်နယ်​တောင်​ပိုင်း၊ နမ့်​စန်​မြို့ပြင်​ရှိ အမှိုက်​ပုံ​နေရာမှာ မူးယစ်​​ဆေးဝါး ​ရောင်းဝယ်​သုံးစွဲသူတွေကို ဇန်​နဝါရီ ၁၀ ရက်​​နေ့က အဖွဲ့စုံက ဝင်​​ရောက်​ဖမ်းဆီးရာ အမျိုးသမီး တဦး နဲ့ အမျိုးသားနှစ်ဦးကို မူးယစ်​​ဆေးပြား ၁၉၁၂ နဲ့အတူ  ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်​​ဆေးဝါးသတင်းအရ နမ့်​စန်​မြို့ပြင်​ အမှိုက်​ပုံအနီးရှိ မနန်းကြည်​ ရဲ့ ​နေအိမ်​တဲအတွင်း ဝင်​​ရောက်​ရှာ​ဖွေရာ မနန်းကြည်​၊​​​ မောင်ေ​ကာင်းမာန်​ပြည့်​နိုင်​၊ ​မောင်​​အောင်​စိုးမိုးတို့ကို တဲအတွင်းမှာတွေ့ရပြီး အဖြူ​ရောင်​ခဲ​ရောင်​အကွက်​ပါရှိတဲ့ ​ပြောက်​ကျား​ ဘေးလွယ်​အိတ်​ထဲက မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့​တယ်လို့ နမ့်​စန်​ရဲစခန်းက သိရပါတယ်။ နမ့်စန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူ သုံးဦးကို ​ မူယစ်​​ဆေးဝါးနှင့်​ စိတ်​ကို​ပြောင်းလဲ​စေ​သော ​ဆေးဝါးများဆိုင်​ရာ ဥပ​ဒေအရ အရေးယူထားပါတယ်။ ဓာတ်ပုံ-မူးယစ်​ရဲတပ်​ဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024