Email This Story :
တူနီးရှားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက် အစ္စလာမ္မစ် စစ်သွေးကြွ ၂ ဦး အပါအဝင် လူ ၂၃၇ ဦးကို တူနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ရဲစခန်းတွေနဲ့ အစိုးရအဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးမှုနဲ့ ဖမ်းဆီးလိုက်တာလို့ တူနီးရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့က ကြေညာခဲ့တဲ့ အစိုးရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေကို လူထုက ၉ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ပြီး ဂျူးစာသင်ကျောင်းတကျောင်းလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။
ဆန္ဒပြမှုတွေဟာ မြို့ပေါင်း ၂၀ ကျော်အထိ ပျံ့နှံ့ခဲ့ပြီး ရဲတပ်ဖွဲ့ဟာ မြို့တော် တူးနစ်နဲ့ တီဘော်ဘာမြို့က ဆန္ဒပြလူအုပ်ကို မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲခဲ့ပါတယ်။
တီဘော်ဘာမြို့မှာ ဇန်နဝါရီ ၈ ရက်နေ့က ဖြစ်ပွားတဲ့ ဆန္ဒပြမှုအတွင်း လူတဦး သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေရဲ့အပြောကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။