A d v e r t i s e m e n t With Us

သီရိလင်္ကာတွင် အမျိုးသမီးများကို အရက်သေစာရောင်းချခွင့် တားမြစ်ထားမှုအား ပယ်ဖျက်

ဓာတ်ပုံ - Getty Images
သီရိလင်္ကာနိုင်ငံမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အမျိုးသမီးတွေကို အရက်သေစာ ရောင်းချမှု ပိတ်ပင်ထားခဲ့ရာမှ လက်ရှိမှာတော့ ပယ်ဖျက်ပေးလိုက်တဲ့အတွက် တရားဝင်ဝယ်ယူခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်မှုဟာ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က ဖော်ပြပါတယ်။ သီရိလင်္ကာအစိုးရအနေနဲ့ ၁၉၅၅ ခုနှစ် ဥပဒေအရ တားမြစ်ပြဋ္ဌာန်းထားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ဒါဟာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာဖြစ်တယ်ဆိုတဲ့ သဘောတူညီမှုနဲ့ ပယ်ဖျက်ခဲ့တာလို့ ဆိုပါတယ်။ အခု အသစ်ထုတ်ပြန်ပြင်ဆင်လိုက်တဲ့ ဥပဒေအရ အမျိုးသမီးတွေအနေနဲ့ အရက်သေစာရောင်းချတဲ့ နေရာတွေဆီလည်း တခြား ဘယ်လိုအထောက်အထား တခုခုမှ ပြစရာမလိုဘဲ သွားရောက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ အရင်ကတော့ တော်တော့်ကို တင်းကျပ်တဲ့ဥပဒေနဲ့ ထိန်းချုပ်ထားခဲ့တာမို့ သီရိလင်္ကာ အမျိုးသမီးတွေက ဒီပြောင်းလဲမှုကို ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။ သီရိလင်္ကာ ဘဏ္ဍာရေးဝန်ကြီး မန်ဂလာ ဆမာရဝီရာက ဒီသတင်းထုတ်ပြန်ချက်ကို ကြေညာခဲ့အပြီးမှာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း အမျိုးသမီးတွေက ဒီဆုံးဖြတ်ချက်အတွက် အစိုးရကို ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြနေကြတာပါ။ ဒီပြောင်းလဲမှုကို တချို့က ကျယ်ကျယ်ပြန့်ပြန့် လက်ခံနေကြပေမယ့် တချို့ကလည်း အခုဆုံးဖြတ်ချက်ကြောင့် အမျိုးသမီးတွေအနေနဲ့ အရက်သေစာဘက်ကို အလွန်အမင်း စွဲလန်းသွားစေနိုင်တယ်ဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up