လစ်ဗျားကမ်းလွန်တွင် လှေနစ်မြုပ်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၅၀ ခန့် ပျောက်ဆုံးနေ

ဓာတ်ပုံ - ရိုက်တာ
1.2K
လစ်ဗျားကမ်းလွန်ပင်လယ်မှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ လိုက်ပါလာတဲ့ လှေနစ်မြုပ်ခဲ့တာကြောင့် လူ ၅၀ လောက် ပျောက်ဆုံးနေပါတယ်။
လစ်ဗျား ကမ်းလွန်ပင်လယ်မှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ စီးနင်းလိုက်ပါလာတဲ့ လှေ ၃ စင်းကို လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်ခဲ့ရာမှာ လူ ၃၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
အဲဒီလှေ ၃ စင်းထဲက လစ်ဗျား ခိုမာ့စ်မြို့အနီး ကယ်ဆယ်ခဲ့ရတဲ့ လှေပေါ်မှ လူ ၁၆ ဦးကိုသာ ကယ်တင်နိုင်ခဲ့တာပါ။
ပြန်လည်လွတ်မြောက်လာသူတွေက သူတို့လှေပေါ်မှာ မူလက လူ ၇၀ လောက်ပါတယ်လို့ ပြောပါတယ်။
“ဒီနေ့မနက် ၁ နာရီလောက်က ခိုမာ့စ်မြို့ အနောက်ဘက်က ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ စီးနင်းလာတဲ့ လှေနဲ့ပတ်သက်တဲ့ အန္တရာယ် ကျရောက်နေတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပါတယ်။ ကျနော်တို့ အဲဒီနေရာကို ခုတ်မောင်းသွားပြီး ရှာဖွေမှုတွေ လုပ်ပါတယ်။ ရှာတာ လေးနာရီကျော်လောက် ကြာပါတယ်။ မနက် ၁၀ နာရီမှာတော့ လှေကိုတွေ့ပါတယ်။ လှေက မြုပ်ခါနီးဖြစ်နေပါပြီ။ လူ ၁၆ ယောက် အသက်ရှင်သေးတာ တွေ့ပါတယ်။ သူတို့တွေက လှေကို ခိုပြီးနေနေကြတာပါ။ ကျန်တဲ့လူတွေကတော့ ပျောက်ဆုံးနေပါတယ်။ ကံအကြောင်းမလှစွာနဲ့ဘဲ တခြား အသက်ရှင်ကျန်ရစ်သူတို့၊ ရုပ်အလောင်းတို့ကို မတွေ့ခဲ့ရပါဘူး။ ကျနော်တို့ ရှာဖွေခဲ့ပေမယ့် ပင်လယ်က လှိုင်းထန်ေ်နတာဆိုတော့ တယောက်မှ ရှာမတွေ့ခဲ့ပါဘူး” လို့ လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်မှူး နက်စ်အယ်လ်ကာမွတ်က ပြောပါတယ်။