A d v e r t i s e m e n t With Us

အသင်းမှ ကစားသမား ၈ ဦးခန့် ရောင်းချသွားရန် ဘာစီလိုနာ ပြင်ဆင်

ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ခေါ်ယူခဲ့တာကြောင့် အသင်းက ကစားသမား ၈ ဦးလောက် ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ကော်တင်ဟိုကို ကမ္ဘာ့ဒုတိယအများဆုံး ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၄၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့ ဘဏ္ဍာရေးပိုင်း ဟန်ချက်ညီစေဖို့အတွက် အံမဝင်တဲ့ ကစားသမားတွေကို ရောင်းချသွားဖို့ ဆန္ဒရှိနေတာပါ။ ဘာစီလိုနာအသင်းဟာ နောက်ခံလူ မာရှေယာနို၊ ကွင်းလယ်ကစားသမား အာဒါတူရန်တို့နဲ့ လမ်းခွဲမှာဖြစ်တဲ့အပြင် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အဲလက်စ်ဗီဒယ်၊ ဒယ်လိုဖူ၊ အန်ဒရီဂိုမက်ဇ်၊ ဒင်းနစ်ဆွာရက်ဇ်၊ တိုက်စစ်မှူး အယ်လ်ကာဆာတို့ကို ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။ နောက်ခံလူ မာရှေယာနို၊ အာဒါတူရန်နဲ့ ဒယ်လိုဖူတို့ကို တရုတ်နဲ့ အီတလီကလပ်တွေက စိတ်ဝင်စားနေပြီး ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး ပေးမယ်ဆိုရင် ရောင်းချမယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up