A d v e r t i s e m e n t With Us

နောက်ခံလူ ခရစ္စတန်ဆန်ကို ချဲလ်ဆီး ၄ နှစ်ခွဲသက်တမ်း စာချုပ် တိုးမြှင့်ချုပ်ဆို

ချဲလ်ဆီးအသင်းဟာ နောက်ခံကစားသမား ခရစ္စတန်ဆန်ကို ၄ နှစ်ခွဲသက်တမ်းစာချုပ် တိုးမြှင့်ချုပ်ဆိုလိုက်ပါတယ်။ ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆန်ဟာ ၂၀၁၂ ခုနှစ်ကတည်းက ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာသူဖြစ်ပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဂျာမန်ကလပ် မိုချန်ဂလာဘတ် အသင်းမှာ အငှားထွက်ကစားခဲ့ရတာပါ။ ဒီနှစ်ရာသီမှာ ချဲလ်ဆီးအသင်းဆီ ပြန်လည်ရောက်ရှိလာပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းက ၂၀၂၂ ခုနှစ်အထိ ဆက်ရှိစေမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို့ ပျော်ရွှင်မိပြီး ချဲလ်ဆီးအသင်းရဲ့ အနာဂတ်မှာ ဆက်လက်ပါဝင်ခွင့် ရတော့မှာဖြစ်လို့ ကျေနပ်မိတယ်လို့ ခရစ္စတန်ဆန်က ပြောပါတယ်။ အသက် ၂၁ နှစ်ရှိ ခရစ္စတန်ဆန်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းအတွက် ၂၂ ပွဲအထိ ပွဲထွက်ခွင့်ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up