ကယ်လီဖိုးနီးယားတွင် မိုးကြီးရေလျှံပြီး မြေပြို၊ အနည်းဆုံး ၁၃ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
1.3K
ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ ဇန်နဝါရီ ၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးကာ လူပေါင်းထောင်နဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အဲဒီဒေသမှာ ပြီးခဲ့တဲ့လက ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုတွေကြောင့် မြေပြိုမှု စတဲ့ သဘာဝဘေးအန္တရာယ်ကနေ အကာအကွယ်ပေးနေတဲ့ သစ်ပင်တွေ ပျက်စီးခဲ့တာကြောင့် အခုဖြစ်ပွားတဲ့ မိုးကြီးရေလျှံမှုတွေကို အကာအကွယ်မပေးနိုင် ဖြစ်ခဲ့ရတာပါ။
လော့စ်အိန်ဂျလိစ်မြောက်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းတလျှောက်မှာ တည်ရှိတဲ့ ဆန်တာဘာဘရာပြည်နယ် စီရင်စုက ဒေသခံတွေကို အစိုးရအာဏာပိုင်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ ညွှန်ကြားခဲ့ပြီးနောက် ဇန်နဝါရီ ၉ ရက် မနက်အရုဏ်မတက်ခင် အချိန်မှာ အခုလို ပြင်းထန်တဲ့ မိုးကြီးရေလျှံမှု ဖြစ်ပွားခဲ့တာပါ။
နောက်ဆက်တွဲဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေကြောင့် သစ်ပင်တွေ လဲကျခဲ့ပြီး ကားတွေကို ထိခိုက်ပျက်စီးမှု ရှိစေခဲ့သလို လမ်းတွေမှာလည်း ရွှံ့တွေ ထူထပ်စွာ ပိတ်ဆို့နေတယ်လို့ ဒေသခံ တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၀၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ မြေပြိုမှုကြောင့် သေဆုံးသူ ၁၀ ဦးထိ ရှိခဲ့ဖူးပါတယ်။