ဆန်းချက်ကို ခေါ်ယူနိုင်ရေး မန်စီးတီး ဆွေးနွေးမည်

1.4K
မန်စီးတီးအသင်းဟာ အခုအပြောင်းအရွှေ့ဈေးကွက်မှာ အာဆင်နယ်က ဆန်းချက်ကို ခေါ်ယူဖို့ စတင်ဆွေးနွေးတော့မယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ ဆန်းချက်ကို ဒီနှစ် ရာသီအကုန်မှ ခေါ်ယူဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် တိုက်စစ်မှူး ဂါဘရီယယ်ဂျီးဆပ်စ် ဒဏ်ရာရသွားတာကြောင့် အခု အပြောင်းအရွှေ့မှာပဲ ခေါ်ယူဖို့ ပြင်ဆင်လာတာပါ။
မန်စီးတီးဟာ ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့် ဆန်းချက်ကို ပေါင်သန်း ၂၀ လောက်နဲ့ ခေါ်ယူလိုနေပေမယ့် အာဆင်နယ်အသင်းက အနည်းဆုံး ပေါင် ၃၅ သန်းရမှ ရောင်းချမယ်လို့ ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ ဆန်းချက်ကို ရောင်းချဖြစ်မယ်ဆိုရင် လက်စတာက မာရက်ဇ်နဲ့ မိုနာကိုက သောမက်စ်လီမာတို့ထဲက တဦးကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။