A d v e r t i s e m e n t With Us

ထိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် ကင်းလှည့်စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာရ

ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် ပစ်ကပ်ကား။ (ဓာတ်ပုံ - Abdulloh Benjakat)
ထိုင်းနိုင်ငံမှာ ဒီကနေ့မနက် အစောပိုင်းက လမ်းမအနီး ထောင်ထားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် ကင်းလှည့်စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ နွန်ချစ်ခရိုင်တွင်းမှာ ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးရုံပို့ဆောင် ကုသပေးနေတယ်လို့ ဆိုပါတယ်။ ကင်းလှည့်အဖွဲ့ဟာ ပစ်ကပ်ကားနဲ့ လှည့်လည်စစ်ဆေးနေခဲ့ကြချိန် မနက် ၉း၂၀ နာရီလောက်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ နွန်ချစ်ခရိုင်ရဲဌာန ဒု-စုံစမ်းစစ်ဆေးရေးမှူးချုပ် အက်ခ်ရက်တ် ဂျီရာချာရိုအန်က ပြောပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်တဲ့ နေရာတဝိုက် ဗုံးရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး စီစီတီဗွီ လုံခြုံရေးကင်မရာမှတဆင့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up