A d v e r t i s e m e n t With Us

ချဲလ်ဆီးဂိုးသမား ကော့တွိုက်နှင့် ဟာဇက်ကို ခေါ်ယူရန် ရီးရဲလ် ပစ်မှတ်ထား

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြိုင်ဘက် ဘာစီလိုနာရဲ့ လူစာရင်းကို ယှဉ်နိုင်ဖို့အတွက် ချဲလ်ဆီးဂိုးသမား ကော့တွိုက်နဲ့ ဟာဇက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လီဗာပူးက ကော်တင်ဟိုကို သူတို့အသင်း သမိုင်းတလျှောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံးပေးပြီး ခေါ်ယူခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကလည်း အားနည်းနေတဲ့ တိုက်စစ်ပိုင်းနဲ့ ဂိုးသမားနေရာအတွက် ဟာဇက်နဲ့ ကော့တွိုက်ကို ခေါ်ယူလိုတာပါ။ ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်အနေနဲ့ အခုအပြောင်းအရွှေ့ဈေးကွက်မှာ နာမည်ကြီး ကစားသမားတွေကို စောင့်ကြည့်နေပြီး ဘာစီလိုနာကို အမီလိုက်ဖို့ ဆန္ဒရှိနေတာပါ။ တိုက်စစ်မှူး ဘန်ဇီမာရဲ့ ခြေစွမ်းကိုလည်း ကြိုက်နှစ်သက်မှု မရှိတာကြောင့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ချဲလ်ဆီးကစားသမား ဟာဇက်ဟာ ၂၀၂၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ပယ်ချထားတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ် လာလီဂါပွဲစဉ် ၁၇ အပြီးမှာ ၉ ပွဲ အနိုင်ရခဲ့လို့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၁၆ မှတ်အထိ ကွာဟနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up