A d v e r t i s e m e n t With Us

ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သည့် ကော်တင်ဟို ဒဏ်ရာကြောင့် ၃ ပတ်ခန့်နားရမည်

ဘာစီလိုနာအသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်တဲ့ လီဗာပူးကွင်းလယ်လူ ကော်တင်ဟိုဟာ ပေါင်ခြံဒဏ်ရာရနေတာကြောင့် ၃ ပတ်လောက် အနားယူရဖို့ ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ဇန်နဝါရီ ၈ ရက်နေ့က ဆေးစစ်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ပေါင်ခြံဒဏ်ရာ ရရှိထားတယ်လို့ တွေ့ရှိခဲ့တာပါ။ ကော်တင်ဟိုအနေနဲ့ ဇန်နဝါရီ ၁၂ ရက်မှာကစားမယ့် ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ စတင်ပွဲထွက်နိုင်မယ်လို့ မျှော်မှန်းခဲ့ပေမယ့် ဒဏ်ရာအခြေအနေကြောင့် ဖေဖော်ဝါရီလဆန်းမှာမှ စတင်ပွဲထွက်ကစားဖို့ ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ဇန်နဝါရီ ၈ ရက်နေ့က နူးကမ့်ကွင်းမှာ မိတ်ဆက်ပွဲပြုလုပ်ပေးခဲ့ပြီး ပရိသတ် ၇ ထောင်ကျော် တက်ရောက်အားပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up