နိုင်ငံရေးနှင့်ပတ်သက်သည့် မေးခွန်းများ ကတ္ထူစက္ကူရုပ်ကိုသာမေးရန် ထိုင်းဝန်ကြီးချုပ် ပြော

ဓာတ်ပုံ - ရိုက်တာ
1.5K
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေအတွက် သူ့ပုံထွင်းထားတဲ့ ကတ္ထူစက္ကူရုပ်ကိုသာ မေးဖို့ ဇန်နဝါရီ ၈ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ် ပရာယွတ်ဟာ ထိုင်းနိုင်ငံ ကလေးများနေ့မတိုင်ခင် အစိုးရအိမ်တော်မှာ မနေ့ကပြောကြားတဲ့ မိန့်ခွန်းအတွင်း ခုလို ပြောလိုက်တာပါ။
သူ့ပုံ ဖြတ်ညှပ်ထားတဲ့ ကတ္ထူရုပ်ပုံဟာ ကျောင်းသားလေးတွေက အတူတွဲ ဓာတ်ပုံရိုက်နိုင်ဖို့ ပြင်ဆင်ထားတဲ့အရုပ် ဖြစ်တယ်လို့ ဒေသခံမီဒီယာက ပြောပါတယ်။
လာမယ့်နှစ်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ နိုင်ငံရေးပါတီတွေကို ခွင့်ပြုမယ့်သြဇာ စစ်တပ်ကိုပေးဖို့ အထူးအမိန့်ကိုသုံးမယ်လို့ ဝန်ကြီးချုပ်က ဒီဇင်ဘာလတုန်းက ပြောခဲ့ဖူးပါတယ်။
သူဟာ အခု စစ်သားဟောင်း နိုင်ငံရေးသမား ဖြစ်တယ်လို့လည်း လတ်တလောမှာ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။