အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်များ ထွက်ပေါ်၊ အသင်းကြီးများ ပွဲချောင်

1.6K
အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်နဲ့ စပါးအသင်းတို့ အသင်းငယ်တွေနဲ့ပဲ တွေ့ဆုံနေပါတယ်။
မန်ယူက လိဂ်-၂ ကလပ် ယိုဗီးလ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး စပါးအသင်းကလည်း လိဂ်၂ အသင်းတသင်းဖြစ်တဲ့ နယူးစ်ပေါ့ကောင်တီအသင်းနဲ့ တွေ့ဆုံပါတယ်။
တခြား ထိပ်တန်းအသင်းတွေထဲ ချဲလ်ဆီးအသင်းကတော့ နောဝှစ်ခ်ျနဲ့ ပြန်ကန်ပွဲမှာ အနိုင်ရမယ်ဆိုရင် နယူးကာဆယ်နဲ့ တွေ့ဆုံမှာပါ။
လီဗာပူးက ဝက်စ်ဘရွန်းအသင်းနဲ့ တွေ့ဆုံနေပြီး မန်စီးတီးက ကာဒစ်နဲ့ မန်စ်ဖီးဒ်တို့ထဲက အနိုင်ရမယ့်အသင်းနဲ့ တွေ့ဆုံပါတယ်။
အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ အသင်းစုစုပေါင်း ၃၂ သင်းပါဝင်ပြီး ပရီးမီးယားလိဂ် အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ်အဖြစ် ဆောက်သမ်တန်နဲ့ ဝတ်ဖို့ဒ်လည်း ထိပ်တိုက်တွေ့ဆုံပါတယ်။
အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေကို လာမယ့် ဇန်နဝါရီ ၂၆ ကနေ ၂၉ ရက်အထိ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။