A d v e r t i s e m e n t With Us

မင်းတုန်းမြို့နယ်တွင် ကျေးရွာရာအိမ်မှူးဟောင်းကို ဆယ်အိမ်မှူးအသစ်က ဓားဖြင့် ခုတ်သတ်

  မ​ကွေးတိုင်း​ဒေသကြီး သရက်​ခရိုင် ​မင်းတုန်းမြို့နယ်​၊ လင်​ဘန်းအုပ်​စု သရက်​စမ်း ​ကျေးရွာမှာ ရာအိမ်​မှူးအ​ဟောင်းကို ၁၀ အိမ်​မှူးအသစ်​က ဓားနဲ့ ခုတ်​သတ်​မှု ဇန်​နဝါရီလ ၈ ရက်​​နေ့ ည ၇ နာရီလောက်မှာ ဖြစ်​ပွားခဲ့ပါတယ်​။ သရက်​စမ်း​ကျေးရွာ တရွာထဲ​နေ ရာအိမ်​မှူး​ဟောင်း ဦးတင်​​ထွေးရယ် ​ဓားနဲ့ခုတ်​သူ ၁၀ အိမ်​မှူးအသစ် ​စိုး​နောင်​ (၂၄ နှစ်)​နဲ့ အိမ်​နီးချင်း ဦးဝမ်းတင်​တို့ အရက်​အတူ​သောက်​ကြရင်း စကားအရနှိမ်​​ပြောတာကို မခံနိုင်​လို့ အိမ်​ပြန်​ဓားယူပြီး ခုတ်​လိုက်​တာလို့ သိရပါတယ်​။ နယ်​​မြေရဲကင်းစခန်းမှူး ရဲအုပ်​သူရိန်​​အောင်​က “အမှန်​က မူးလို့ဖြစ်​တာ။ သူက အဖမ်းခံဖို့ လင်​ဘန်းကိုလာတာ။ လမ်းမှာတခါတည်း​ တွေ့ပြီး ဖမ်းခဲ့တယ်​။ အခုသက်​​သေခံဓား သိမ်းမယ်​။ မြို့နယ်​မှူးနဲ့ မြို့မစခန်းမှူးလာမယ်”လို့ ​ပြောပါတယ်​။ ဓားနဲ့ခုတ်သူ စိုး​နောင်​က“သူက မင်းသရက်​​မြို့​လောက်​ဘဲ ​ရောက်​ဘူးတာ။ အခုမှ ၁၀ အိမ်​မှူးဖြစ်​တာ ၂ ရက်​ဘဲ ရှိ​သေးတယ်​။ အားအများကြီးဘဲ ငါ့ကိုနှိမ်​တာ မခံနိုင်​လို့ ခုတ်​လိုက်​တာ ထက်​ခြမ်းကွဲသွားတယ်။”လို့ ​ပြောပါတယ်​။ ​သေဆုံးသူရဲ့ဇနီးမစန်းလွင်​မှာလည်း​ နောက်​​ကျောမှာ ဓားဒဏ်​ရာတချက်​ရခဲ့ပြီး တလသား အရွယ်​က​လေးကို ကာကွယ်​ရင်းဝင်​​ရောက်​တားမြစ်​ရာက ဒဏ်​ရာရခဲ့တာလို့​ ပြောပါတယ်​။ ​သေဆုံးသူကို ညတွင်းချင်းမြို့နယ်​​ဆေးရုံကို​ဆေးအ​ဖြေရဖို့ ပို့​ဆောင်​ထားပြီး(ပ) ၇/၁၈ ရာဇသတ်​ကြီးပုဒ်​မ၃၂၆/ ၃၀၂နဲ့ အမှုဖွင့် စစ်ဆေး​​ဆောင်​ရွက်​​နေ​တယ်လို့ သိရပါတယ်​။ သရက်​စမ်း​ကျေးရွာဟာ အိမ်​​ခြေ ၂၀ သာရှိတဲ့ ရွာ​သေးဖြစ်​ပြီး အရှိုချင်း အများစု​ နေထိုင်​ကြပြီး လမ်းပန်းဆက်​သွယ်​​ရေးခက်​ခဲ​တဲ့ ရွာဖြစ်ပါတယ်​။ သတင်း - ​နေမှူးလူ

A d v e r t i s e m e n t With Us

More News
Up