Live
Home
မြန်မာသတင်း
ကျေးသီးမြို့နယ်တွင် ဓားပြတိုက်​မှုဖြစ်​ပွား၊ နဝမတန်း​ကျောင်းသား ၁ ဦး သေနတ်မှန် သေဆုံး
DVB
·
January 9, 2018
ရှမ်းပြည်​နယ်​​တောင်​ပိုင်း၊ လွိုင်​လင်​ခရိုင်​၊ ​ကျေးသီးမြို့နယ်​၊ ​မိုင်း​နောင်​မြို့ အ​ရှေ့​တောင်​ဘက်​ မိုင်း​နောင်​-ခိုလမ်​သွား လမ်းမကြီး​ပေါ်မှာ ဇန်​နဝါရီ ၈ ရက်​​ည​နေက ဓားပြတိုက်​မှုဖြစ်​ပွားခဲ့ပြီးနဝမတန်းကျောင်းသားတဦး သေနတ်မှန် သေဆုံးသွားပါတယ်။ က​လေးဖခင်​ဖြစ်​သူ ဦးသီဟက “လားရှိုးမြို့ကနေ မိုးနဲမြို့ကို  ​ကျေးသီးမြို့နယ်၊ မိုင်း​​နောင်​- ခိုလမ်​လမ်းက​နေ မိသားစု ၃ ​ယောက်​ကားနဲ့ ပြန်​လာကြတာ သား​လေးက ကား​မောင်းတယ်​။ အခင်းဖြစ်​တဲ့​နေရာနား ​ရောက်​​တော့ ​သေနတ်​အရှည်​​တွေနဲ့ အရပ်​ဝတ်​တွေ ဝတ်​ထားတဲ့ လူ ၃ ဦးက ကားကို တားဆီးလို့ ရပ်​​ပေးပြီး သားက ကားမှန်​တံခါးတွေ ပိတ်​လိုက်​တော့​ ကားညာဘက်​မှာ ရှိတဲ့ လူက သားရဲ့ ခေါင်းကို​ ​သေနတ်နဲ့ ပစ်လိုက်တာ။ အခင်းဖြစ်​တဲ့​နေရာမှာပဲ သားက ဦး​ခေါင်း​ပေါက်​ထွက် ​သေဆုံးသွားခဲ့​တယ်” လို့ ပြောပါတယ်။ ဓားပြတိုက်​ခံရမှုမှာ ဓားပြတွေက သူတို့ရဲ့ မှတ်​ပုံတင်​နဲ့ ​ငွေကျပ်​ ၈ သိန်း ထည့်ထား​တဲ့ ပိုက်​ဆံအိတ်​၊ ဇနီးဖြစ်​သူ ​သောက်​ဖို့ ​ယူ​ဆောင်​လာတဲ့ေ​ဆးဝါးတွေ ယူ​ဆောင်​သွားပြီး ​တောထဲကို ဝင်​​ရောက်​သွားပြီးနောက်မှာ ဦးသီဟက သားဖြစ်​သူရဲ့ အ​လောင်းကို ခိုလမ်​​ဆေးရုံကို ပို့​ဆောင်​ခဲ့​ပါတယ်။ ​သေဆုံးသွားတဲ့ ယာဉ်​​မောင်းက​လေးမှာ စိုင်းရဲထက်​​အောင် ​ဖြစ်ပြီး မိုးနဲမြို့ (အ.ထ.က) ​ကျောင်း၊ နဝမတန်းမှာ လက်​ရှိ ​ပညာသင်ယူနေသူ ဖြစ်​ပါတယ်​။ အခင်းဖြစ်​ရာကို မိုင်းေ​နာင်ရဲစခန်းမှ ​​ရဲအုပ်​​တပ်ဖွဲ့ဝင်တွေနဲ့ ခလရ (၂၈၇) စစ်တပ်​မှ လိုက်လံ​ရှင်းလင်းချိန်မှာတော့ အခင်းဖြစ်​​နေရာရဲ့ ​မြောက်​ဘက်​ ကိုက်​ ၁၀၀ ခန့်​အကွာမှာ ​မော်​​တော်​ဆိုင်​ကယ်​တ​စီး ​ရေ​မြောင်းအတွင်း လဲကျ ကျ​ရစ်တာ​ကို ​တွေ့ရှိခဲ့ပါတယ်။ စိုင်းရဲထက်​​အောင်ကို ​သေနတ်​နဲ့ ပစ်​ခတ်​ပြီး ​ငွေ​ကြေးလုယက် ထွက်​​ပြေးသူတွေကို အမှုဖွင့် အ​ရေးယူ​ ဆောင်​ရွက်ဖို့ မိုင်း​နောင်​ရဲစခန်းက စုံစမ်း​ဆောင်​ရွက်​​နေ​တယ်လို့ သိရပါတယ်​။ သတင်း - သန်းစိုးအောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024