လိုက်ဇစ်ကွင်းလယ်လူ ကီတာကို ယခုအပြောင်းအရွှေ့တွင် လီဗာပူး ခေါ်ယူလို

1.5K
လီဗာပူးအသင်းဟာ ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရယူထားတဲ့ ဂျာမန်ကလပ် လိုက်ဇစ်က ကွင်းလယ်ကစားသမား ကီတာကို အခုအပြောင်းအရွှေ့မှာပဲ ခေါ်ယူလိုနေပါတယ်။
ကွင်းလယ်လူ ကော်တင်ဟိုကို ဘာစီလိုနာအသင်းဆီ ရောင်းချခဲ့တာကြောင့် ကီတာကို အခုအပြောင်းအရွှေ့မှာပဲ လီဗာပူးက အပြီးသတ် ခေါ်ယူလိုတာပါ။
လီဗာပူးအသင်းအနေနဲ့ ဆီနီဂေါလက်ရွေးစင် ကီတာကို ပေါင် ၅၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူထားတာဖြစ်ပြီး ငွေကြေးထပ်ပေးကာ အခုအပြောင်းအရွှေ့မှာပဲ ခေါ်ယူလိုပေမယ့် လိုက်ဇစ်အသင်းဘက်က လက်မခံဘဲ ဖြစ်နေတာပါ။
လီဗာပူးအသင်းဟာ ကော်တင်ဟိုရဲ့နေရာကို အစားထိုးဖို့အတွက် မိုနာကို တောင်ပံကစားသမား လီမားကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။