A d v e r t i s e m e n t With Us

တိုက်စစ်မှူး ဟယ်ရီကိန်းကို ငွေပုံပေးပြီး ကမ်းလှမ်းပါက တားဆီးရန်ခက်ဟု စပါးနည်းပြ ပြော

တိုက်စစ်မှူး ဟယ်ရီကိန်းကို ထိပ်တန်းအသင်းတွေက ငွေပုံပေးပြီး ကမ်းလှမ်းမယ်ဆိုရင် တားဆီးဖို့ ခက်ခဲတယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ  ဘာစီလိုနာလိုအသင်းက ကမ်းလှမ်းလာတဲ့အချိန်မှာ ကော်တင်ဟိုကို ဆက်ထိန်းဖို့ မစွမ်းဆောင်နိုင်ခဲ့သလို မိမိအနေနဲ့လည်း ဟယ်ရီကိန်းကို ဆက်ထိန်းဖို့ ခက်ခဲတယ်လို့ ပိုချက်တီနိုက ပြောပါတယ်။ လီဗာပူးအသင်းဟာ ကော်တင်ဟိုကို ဆက်နေဖို့ မထိန်းနိုင်ခဲ့သလို မန်ယူ၊ ဂျူဗင်တပ် အသင်းတွေဟာလည်းပဲ စီရော်နယ်ဒို၊ ဇီဒန်း စတဲ့ ကစားသမားတွေကို အသင်းမှာ ဆက်ရှိဖို့ မထိန်းနိုင်ခဲ့ဘူးလို့ ပိုချက်တီနိုက ဆိုပါတယ်။ ဘောလုံးလောကမှာ ဒီလိုသာဓကတွေ ရှိခဲ့တာကြောင့် တိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းတသင်းက ငွေကြေးမြောက်မြားစွာနဲ့ ကမ်းလှမ်းခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့လိုမယ်ဆိုရင် လက်လွှတ်ရမှာဖြစ်တယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းဟာ စပါးအသင်းကို ချစ်မြတ်နိုးတဲ့သူ ဖြစ်တာကြောင့် အသင်းပြောင်းရွှေ့မှာ မဟုတ်ဘူးလို့လည်း ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up