A d v e r t i s e m e n t With Us

မာရက်ဇ်ကို ခေါ်ယူနိုင်ပါက ဆန်းချက်ဇ်ကို အာဆင်နယ် ရောင်းထုတ်မည်

အာဆင်နယ်အသင်းဟာ လက်စတာက မာရက်ဇ်ကို ခေါ်ယူနိုင်မယ်ဆိုရင် ဆန်းချက်ဇ်ကို ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ တောင်ပံကစားသမား ဆန်းချက်ဇ်ဟာ ဒီနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေတာပါ။ ဆန်းချက်ဇ်ကို မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့က ချိတ်ဆက်နေပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ လက်စတာ တောင်ပံကစားသမား မာရက်ဇ်ကို ပေါင်သန်း ၄၀ လောက်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး သဘောတူညီမှု ရမယ်ဆိုရင် ဆန်းချက်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အာဆင်နယ်အသင်းဟာ ဆန်းချက်ဇ်အတွက် ပေါင် ၃၅ သန်း အလိုရှိနေပေမယ့် မန်စီးတီးအသင်းက အဲဒီထက်နည်းတဲ့ ပမာဏနဲ့ ကမ်းလှမ်းထားလို့ အဆင်မပြေဖြစ်နေတာလို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဂျီးဆပ်စ် ဒဏ်ရာရသွားလို့ ဆန်းချက်ဇ်ကိုခေါ်ယူဖို့ ပိုမိုကြိုးပမ်းလာတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up