A d v e r t i s e m e n t With Us

ပျောက်ဆုံး မလေးရှားလေယာဉ် MH370 ၏ အချက်အလက်များကို ထပ်ရှာမည်

ဓာတ်ပုံ - ရိုက်တာ
လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ပျောက်ဆုံးခဲ့တဲ့ မလေးရှားလေကြောင်းလိုင်းက MH370 လေယာဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အသစ်ထပ်ရှာမယ်လို့ မလေးရှား အရာရှိတွေက ဒီကနေ့ ကြေညာလိုက်ပါတယ်။ ကမ္ဘာ့အကြီးကျယ်ဆုံး လေကြောင်းလိုင်းဆိုင်ရာ ဒဏ္ဍာရီကို အဖြေရှာဖို့ အမေရိကန် အခြေစိုက် ရှာဖွေရေးအဖွဲ့က လေယာဉ်ပျောက်ကို ပြန်ရှာမှာပါ။ လူ ၂၃၉ ယောက်ကို တင်လာတဲ့ လေကြောင်းခရီးစဉ်အမှတ် MH370 လေယာဉ်ဟာ မလေးရှားမြို့တော် ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ မြို့တော် ဘေကျင်းကို ၂၀၁၄ မတ်လက ပျံသန်းနေချိန်မှာ ပျောက်ဆုံးခဲ့တာပါ။ မနှစ်က ဇန်နဝါရီမှာ တရုတ်နဲ့ မလေးရှား အစိုးရတွေက မအောင်မြင်တဲ့ ရှာဖွေမှုကို ရပ်တန့်ခဲ့ကြပါတယ်။ လေယာဉ်က အိန္ဒိယသမုဒ္ဒရာပေါ်ကို လမ်းကြောင်းမပြောင်းခင် လေယာဉ်ပေါ်က အလိုအလျောက် အချက်ပြကိရိယာကို တယောက်ယောက်က တမင်သက်သက် ပိတ်ခဲ့ပုံရတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြပါတယ်။ အဲဒီနောက် လေယာဉ်အပျက်အစီး အစိတ်အပိုင်း အတော်များများကို အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းတွေနဲ့ အာဖရိကတိုက် အရှေ့ဘက် ကမ်းရိုးတန်းတလျှောက်က ကမ်းခြေတွေကနေ ကောက်ယူရရှိခဲ့ပါတယ်။ ကောက်ယူရရှိတဲ့ အစိတ်အပိုင်း အနည်းဆုံး ၃ ခုက ပျောက်ဆုံးလေယာဉ်ရဲ့ အစိတ်အပိုင်းတွေလို့ အတည်ပြုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up