A d v e r t i s e m e n t With Us

တောင်နှင့် မြောက်ကိုရီးယား အဆင့်မြင့်အရာရှိများ ဇန်နဝါရီ ၉ ရက်နေ့ ဆွေးနွေးရန် သဘောတူ

ဓာတ်ပုံ - Getty Images
တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံက အဆင့်မြင့်အရာရှိတွေ ဆွေးနွေးပွဲကို ဇန်နဝါရီ ၉ ရက် မနက် ၁၀ နာရီမှာ စတင်ဖို့ သဘောတူလိုက်ပြီလို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဒီကနေ့ ကြေညာလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့မှာ ကျင်းပမယ့် ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပွဲကို မြောက်ကိုရီးယား ကိုယ်စားပြု အားကစားအဖွဲ့ ဝင်ပြိုင်ဖို့ လွှတ်ချင်တယ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောခဲ့တာပါ။ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းက ဒီကမ်းလှမ်းမှုကို ကြိုဆိုလိုက်ပါတယ်။ နောက်နေ့မှာပဲ တောင်ကိုရီးယားအစိုးရက ဆောင်းရာသီ အိုလံပစ်ပွဲမှာ ပူးပေါင်းဖို့ နည်းလမ်းတွေကို ရှာဖွေရေး မြောက်ကိုရီးယား အစိုးရနဲ့ အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကမ်းလှမ်းချက်ကို လက်ခံကြောင်း မြောက်ကိုရီးယား အစိုးရက ဇန်နဝါရီ ၅ ရက်နေ့မှာ အကြောင်းပြန်ခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ် စစ်ဖြစ်မှာ စိုးရိမ်မှုတွေ တိုးလာစေတဲ့ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်တာ တနှစ်ကြာအပြီး ဆက်ဆံရေး ပိုကောင်းလာမယ့် ဖြစ်နိုင်ချေကို ရှားရှားပါးပါး ပြောင်းလာခဲ့တာပါ။ မြောက်ကိုရီးယားဘက်က တိုးတက်မှုကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းတို့က နှစ်စဉ်ကျင်းပနေကျ နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ရွှေ့ဆိုင်းထားဖို့ ဇန်နဝါရီ ၄ ရက်နေ့ ညမှာ သဘောတူခဲ့ပါတယ်။ Key Resolve နဲ့ Foal Eagle လို့ နာမည်ပေးထားတဲ့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားကို ကျူးကျော်မှုအဖြစ် ရှုမြင်တယ်လို့ ပြောပြီး မြောက်ကိုရီးယား အစိုးရက ထပ်ခါတလဲလဲ ဝေဖန် ရှုတ်ချခဲ့တာပါ။ တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ကို ဖေဖော်ဝါရီ ၉ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ဆောင်းရာသီ မသန်စွမ်း အိုလံပစ်ကိုတော့ မတ်လ ၉ ရက်ကနေ ၁၈ ရက်ထိ ကျင်းပမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up