အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ကို နယူးကာဆယ် ခေါ်ရန် ပြင်ဆင်
နယူးကာဆယ်အသင်းရဲ့နည်းပြ ဘင်နီတက်ဇ်ဟာ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ဂျိုးဟတ်ဟာ ဝက်စ်ဟမ်းဂိုးသမား အန်ဒရီယန်နောက်မှာ ဒုတိယဂိုးသမားအဖြစ်သာ ရှိနေပြီး အင်္ဂလန်အသင်းမှာ ပွဲထွက်ကစားခွင့် ရရှိရေးအတွက် နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။
ဘင်နီတက်ဇ်ဟာ ဂျိုးဟတ် မန်စီးတီးအသင်းကနေ မထွက်ခွာခင်ကတည်းက ခေါ်ယူလိုခဲ့တာ ဖြစ်ပေမယ့် မအောင်မြင်ခဲ့ဘဲ အခုတကြိမ်မှသာ အငှားစာချုပ်နဲ့ခေါ်ယူဖို့ ထပ်ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
ဂျိုးဟတ်ဟာ မန်စီးတီးအသင်းကနေ တိုရီနိုအသင်းကို အငှားပြောင်းရွှေ့ ကစားပြီးနောက် ဝက်စ်ဟမ်းအသင်းကို ရောက်ရှိခဲ့ပါတယ်။
ဂျိုးဟတ်ကတော့ အင်္ဂလန်အသင်းမှာ နံပါတ် ၁ ဂျာစီကို ဝတ်ဆင်ကစားခွင့် ရရှိရေးအတွက် အသင်းပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေပါတယ်။