A d v e r t i s e m e n t With Us

အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ကို နယူးကာဆယ် ခေါ်ရန် ပြင်ဆင်

ဓာတ်ပုံ - ရိုက်တာ
နယူးကာဆယ်​အသင်းရဲ့နည်းပြ ဘင်​နီတက်​ဇ်​ဟာ အင်္ဂလန်​ဂိုးသမား ဂျိုးဟတ်​ကို ​ခေါ်ယူဖို့ ပြင်​ဆင်​​နေပါတယ်​။ ဂျိုးဟတ်​ဟာ ​ဝက်​စ်​ဟမ်းဂိုးသမား အန်​ဒရီယန်ေ​​နာက်​မှာ ဒုတိယဂိုးသမားအဖြစ်​သာ ရှိနေပြီး​ အင်္ဂလန်​အသင်းမှာ ပွဲထွက်​ကစားခွင့်​ ရရှိ​ရေးအတွက်​ နယူးကာဆယ်​အသင်းကို ​ပြောင်း​ရွှေ့ကစားဖွယ်​ ရှိနေပါတယ်​။ ဘင်​နီတက်​ဇ်​ဟာ ဂျိုးဟတ်​ မန်​စီးတီးအသင်းက​နေ မထွက်​ခွာခင်​ကတည်းက ​ခေါ်ယူလိုခဲ့တာ ဖြစ်​​ပေမယ့်​ မ​အောင်​မြင်​ခဲ့ဘဲ အခုတကြိမ်​မှသာ အငှားစာချုပ်​နဲ့​ခေါ်ယူဖို့ ထပ်​ကြိုးပမ်းလာတာ ဖြစ်​ပါတယ်​။ ဂျိုးဟတ်​ဟာ မန်​စီးတီးအသင်းက​နေ တိုရီနိုအသင်းကို အငှား​ပြောင်း​ရွှေ့ ကစားပြီးနောက်​ ဝက်​စ်​ဟမ်းအသင်းကို​ ရောက်ရှိခဲ့ပါတယ်​။ ဂျိုးဟတ်​က​တော့ အင်္ဂလန်​အသင်းမှာ နံပါတ်​ ၁ ဂျာစီကို ဝတ်​ဆင်​ကစားခွင့်​ ရရှိ​ရေးအတွက်​ အသင်း​ပြောင်း​ရွှေ့ကစားဖို့ စိတ်​အားထက်​သန်​​နေပါတယ်​။

A d v e r t i s e m e n t With Us

More News
Up