မုံရွာမြို့ ဂွမ်းဖြတ်စ ဂိုဒေါင်တွင် မီးလောင်မှုဖြစ်ပွား
Aung Ko Latt
·
January 8, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စက်မှုဇုန်ရပ်ကွက် ၄၁လမ်း၊ ယင်းမာလမ်းထောင့် ဂွမ်းဖြတ်စဂိုဒေါင်မှာ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဂိုဒေါင်မှာ ထွန်းထားတဲ့ ၂ ပေ မီးချောင်းချုပ်နဲ့ ဂွမ်းဖြတ်စတွေ နီးနီးကပ်ကပ် ထားရာက အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်မှုကြောင့် ဂွမ်းဖြတ်စတွေနဲ့ ဂိုဒေါင် မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ သိရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆသူ ဦးအောင်လင်း ဆိုသူကို မုံရွာနယ်မြေရဲစခန်းက (ပ)၁၁/၂၀၁၈၊ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။