A d v e r t i s e m e n t With Us

ဆီးရီးယားနိုင်ငံ အစ်ဒလစ်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွား၊ အနည်းဆုံး ၁၈ ဦး သေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒလစ်မြို့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ လူနည်းစု သူပုန်အဖွဲ့ ဌာနချုပ်ကို ပစ်မှတ်ထား ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ လူနာတင်ယာဉ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ လာရောက်ကာ အလောင်းတွေကို ဆွဲထုတ်ခဲ့ပြီး အပြိုအပျက်တွေကြားမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ခဲ့ကြတယ်လို့ အဲဒီ စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ အစ်ဒလစ်ဟာ သူပုန်ခံတပ်စခန်းတည်ရှိရာ ပြည်နယ်ဖြစ်ပြီး တူရကီနယ်စပ်မှာ တည်ရှိတာပါ။ အဲဒီပြည်နယ်ဟာ သမ္မတ ဘရှာအယ်အာဆတ်ကို တော်လှန်နေမှုအပေါ် ထောက်ခံတဲ့ ပြည်နယ်တွေထဲက တခုဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up