မက္ကဆီကိုတွင် ဒေသခံအချို့နှင့် ရဲတပ်ဖွဲ့ဝင် ပစ်ခတ်မှုဖြစ်၊ ၁၁ ဦးသေဆုံး
မက္ကဆီကိုနိုင်ငံ ဂူရယ်ယိုပြည်နယ် အယ်ကာပူကို ပင်လယ်အပန်းဖြေစခန်းတခုမှာ ဇန်နဝါရီ ၇ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။
အယ်ကာပူကိုမြို့ နေထိုင်သူတချို့နဲ့ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။
ပြည်နယ်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးချိန်မှာ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေ သယ်ဆောင်လာတဲ့ မူးယစ်ဆေးတွေကို တွေ့ရှိခဲ့တယ်လို့ ပြည်နယ် လုံခြုံရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
ပြည်နယ်ရဲတပ်ဖွဲ့ စစ်ဆင်ရေးလုပ်ချိန်မှာ နောက်ထပ် ဒေသခံရဲတပ်ဖွဲ့ဝင် ၃၀ ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အယ်ကာပူကိုမြို့ဟာ တောင်ပိုင်း ဂူရယ်ယိုပြည်နယ်မှာ အကြီးဆုံးမြို့ဖြစ်ပြီး မက္ကဆီကိုနိုင်ငံမှာ ဥပဒေစိုးမိုးမှု အားအနည်းဆုံးနဲ့ ဘိန်းထုတ်လုပ်မှု အချက်အချာဒေသ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။