Home
မြန်မာသတင်း
ယာဉ်အစီးရေ ၅၀၀ ဖြင့် ပြေးဆွဲမည့် ယာဉ်လိုင်း ၉ လိုင်းကို စိစစ်ဆဲဟုဆို
စိုးမိုးအောင်
·
January 8, 2018
လူထုမိတ်ဆွေ အမည်နဲ့ ပြေးဆွဲမယ့် ယာဉ်အစီးရေ ၅၀၀ ကို စိစစ်ဆဲပဲ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောထားပါတယ်။ မက်စ်မြန်မာကုမ္ပဏီက ဝယ်ယူထားတဲ့ တရုတ်နိုင်ငံထုတ် Foton အမျိုးအစား ယာဉ်အစီး ၅၀၀ နဲ့ ယာဉ်လိုင်း ၉ လိုင်း တိုးချဲ့ပြေးဆွဲဖို့ YRTA ကို ဒီဇင်ဘာလအတွင်းက တင်ပြထားတာပါ။ အဲဒီတင်ပြထားမှုနဲ့ပတ်သက်လို့ “သူတို့ တင်ထားတာ ၉ လိုင်း ရှိတယ်။ ဒါပေမယ့် ဆရာတို့ ပြန်စစ်တုန်းပဲ ရှိတယ်လို့” ဒေါက်တာမောင်အောင်က ပြောပါတယ်။ လူထုမိတ်ဆွေ အမည်နဲ့ ပြေးဆွဲမယ့် ယာဉ်လိုင်း ၉ လိုင်းကို စိစစ်ဆဲဖြစ်ပြီး YBPC ကုမ္ပဏီအနေနဲ့ ယာဉ်လိုင်းအသစ် ၂ လိုင်းကို စတင်ပြေးဆွဲနေပြီး မကြာခင်မှာ သာကေတဘက်ကနေ YBS (၇၂) ယာဉ်လိုင်း ထပ်မံပြေးဆွဲမယ်လို့ ပြောပါတယ်။ ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာလည်း လိုင်း ၃ လိုင်း တိုးချဲ့ပြေးဆွဲဖို့ မကြာခင် ကြေညာသွားမယ်လို့ ဒေါက်တာမောင်အောင်က ဇန်နဝါရီ ၃ ရက်နေ့က ပြောဆိုခဲ့တာပါ။ လူထုမေတ္တာ အမည်နဲ့ ပြေးဆွဲမယ့် ယာဉ်လိုင်းတွေကို ရွှေပြည်သာ၊ လှော်ကား၊ မင်္ဂလာဒုံဘက်ကို အဓိကပြေးဆွဲမယ်လို့ သိရပါတယ်။ အဲဒီယာဉ်လိုင်း ၉ လိုင်းကို ပြေးဆွဲဖို့ YRTA ကို ဒီဇင်ဘာက တင်ပြထားပြီး ယာဉ်လုပ်ငန်းအဆင့်ဆင့် လုပ်ဆောင်ရမှာ ဖြစ်တာကြောင့် ပြေးဆွဲဖို့ အချိန် ၂ လနီးပါးလောက် ကြာနိုင်တယ်လို့ တာဝန်ခံ ပြေးဆွဲမယ့် Power Eleven ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတရုတ်လေးက ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024