အာဆင်နယ်ကို ငြင်းဆန်ပြီး လီဗာပူးကို ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည့် လီမား

ဓာတ်ပုံ - အေအက်ဖ်ပီ
1.4K
မိုနာကိုအသင်းရဲ့ ပြင်သစ်တောင်ပံကစားသမား သောမက်စ်လီမားဟာ အာဆင်နယ်အသင်းရဲ့ အပြင်းအထန် စိတ်ဝင်စားနေမှုကို ငြင်းဆန်ပြီး လီဗာပူးအသင်းကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေခဲ့တယ်လို့ သိရပါတယ်။
လီမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၉၀ သတ်မှတ်ထားပြီး လီဗာပူးနည်းပြ ဂျာဂင်ကလောပ့်ကလည်း ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့တာပါ။
ဒါ့အပြင် ဘာစီလိုနာအသင်းကို ကော်တင်ဟို ပြောင်းရွှေ့သွားခဲ့တာကြောင့် လီမားနဲ့ အရန်သင့် အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ အနာဂတ်မသေချာတဲ့ ဆန်းချက်ဇ်နေရာမှာ အစားထိုးဖို့ လီမားကို ခေါ်ယူလိုနေတာဖြစ်ပေမယ့် ကာယကံရှင်ရဲ့ဆန္ဒကြောင့် လီဗာပူးအသင်းကိုသာ ရောက်ရှိသွားဖို့ ရှိနေပါတယ်။