အင်းတော်တွင် ၂၂ ဘီးကားနှင့် ဆိုင်ကယ်တိုက်၊ ၁ ဦးသေဆုံး
DVB
·
January 8, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်း မော်လူးကျေးရွာနားမှာ ဇန်နဝါရီ ၇ ရက် ညနေပိုင်းက ၂၂ ဘီး ဆီဘောက်ဆာ တွဲကားနဲ့ ဆိုင်ကယ် တိုက်မှုလို့ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဆွေညွန့်က ပြောပါတယ်။
အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် ၁၅၇/၀ နဲ့ ၁ ကြား မော်လူးကျေးရွာအနီးမှာ ကုန်တင်ယာဉ်အား ကျော်တက်ရာမှ ၂၂ ဘီးကားနဲ့ ဝင်တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ဌေးဝင်းမှာ ဦးခေါင်းနောက် ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်း သွေးထွက်ဒဏ်ရာ၊ ညာလက်ဖမိုး ပွန်းပဲ့ဒဏ်ရာ၊ ဝဲနဲ့ယာ ခြေထောက် ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။
အင်းတော်နယ် မော်လူးနယ်မြေရဲစခန်းက ဌေးဝင်းကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ - ၃၃၇/၃၃၈/၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)