A d v e r t i s e m e n t With Us

ဝင်ဘယ်လ်ဒန်ကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး စပါး အက်ဖ်အေဖလား နောက်တဆင့်တက် (ရုပ်သံ)

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ လိဂ်ဝမ်းကလပ် ဝင်ဘယ်လ်ဒန်တို့ မနေ့ညက ယှဉ်ပြိုင်ရာ စပါးက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး စတုတ္ထအဆင့် တက်ရောက်သွားပါတယ်။ စပါးအသင်းဟာ ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးသမား လိုရစ်၊ အဲရစ်ဆင်၊ အယ်လ်လီ၊ ဆွန်ဟောင်မင်၊ ဒိုင်ယာတို့ကို အရန်ခုံမှာထိုင်ခိုင်းပြီး အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကိုတော့ လော်ရန်တေးနဲ့ ပွဲထွက်အသုံးပြုခဲ့ပါတယ်။ စပါးအသင်းဟာ အိမ်ကွင်းမှာယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၈၁ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အပြတ် အသာစီးရခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်းမှာတော့ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ပဲ သရေကျခဲ့ပြီး စပါးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ဒုတိယပိုင်း ၆၃ မိနစ်နဲ့ ၆၅ မိနစ်တွေမှာ တိုက်စစ်မှူး ဟယ်ရီကိန်းက နှစ်ဂိုး၊ ၇၁ မိနစ်မှာ ဗာတွန်ဂန်က တဂိုး သွင်းယူပြီး အနိုင်ရရှိသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up