A d v e r t i s e m e n t With Us

နော်တင်ဟမ်ဖောရက်စ်ကိုရှုံးပြီး အာဆင်နယ် အက်ဖ်အေဖလားမှ ထွက် (ရုပ်သံ)

အက်ဖ်အေဖလား လက်ရှိချန်ပီယံ အာဆင်နယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ပင်နယ်တီပေးဂိုးနှစ်ဂိုး အပါအဝင် အဝေးကွင်းမှာ လေးဂိုးနှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အက်ဖ်အေဖလားကို ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဆက်တိုက်ဆွတ်ခူးခဲ့တဲ့ အာဆင်နယ်အသင်းဟာ အခုနှစ်မှာတော့ မထင်မှတ်ဘဲ အောက်တန်းအသင်းတသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရတာပါ။ အာဆင်နယ်အသင်းဟာ အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပြီး ဒုတိယပိုင်းမှာ ပေးခဲ့ရတဲ့ ပယ်နယ်တီပြစ်ဒဏ်ဘောတွေကြောင့် ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာတော့ လိဂ်ဖလား (ကာရာဘောင်ဖလား) ဆီမီးဖိုင်နယ်အဆင့်မှာ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံနေခဲ့သလို ပရီးမီးယာလိဂ်မှာလည်း အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up