မောင်တောမြို့နယ်တွင် လက်လုပ်မိုင်းများ တွေ့ရှိ
DVB
·
January 8, 2018
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာမှာ မနေ့ မနက်ပိုင်းက မသင်္ကာဖွယ် အထုပ်ထဲကနေ ဒေသန္တရလက်လုပ်မိုင်းတွေ တွေ့ရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ကျောက်ပန္တုကျေးရွာမှာ နေထိုင်တဲ့ ဦးစိန်ရွှေလှိုင်က မသင်္ကာဖွယ်အထုပ် ၁ ထုပ် တွေ့ရှိကြောင်း သတင်းပေးပို့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက် မိုင်းရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
ကျေးရွာရဲ့အရှေ့ဘက် မီတာ ၁၅၀၀ လောက်အကွာရှိ ချုံပုတ်အတွင်း ပလတ်စတစ်အိတ်ထဲမှာ သံပိုက်နဲ့ ပြုလုပ်ထားတဲ့ ရီမုလက်လုပ်မိုင်း ၁ လုံးနဲ့ လက်လုပ်ရှော့ခ်တိုက်မိုင်း ၃ လုံး၊ ကားပစ်စတင်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ် ရှော့ခ်တိုက်မိုင်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Photo : Cincds