Home
မြန်မာသတင်း
သံဖြူဇရပ်တွင် မူးယစ်ဆေးရှာရာမှ ခြောက်လုံးပြူးနှင့်ကျည်ဆန်များ ဖမ်းမိ
DVB
·
January 7, 2018
26196348_2183463315012604_1077760864570246941_n
  သံဖြူဇရပ်မြို့ ရဲတံခွန်ကျေးရွာ နေအိမ်တလုံးကို မူးယစ်ကွင်းဆက်အရ ၀င်ရောက်ရှာဖွေရာမှာ ခြောက်လုံးပြူး သေနတ်တလက်နဲ့ ကျည်ဆန်တွေကို တွေ့ရှိခဲ့ပါတယ်။ ဇန်နဝါရီ ၆ ရက်နေ့ ညနေပိုင်းက သံဖြူဇရပ်မြို့မရဲစခန်းက မူးယစ် ဆေးဝါးအမှု တရားခံ သက်မှူးအောင် (ခ) သက်မှူး ပါ ၂ ဦးရဲ့ အစစ်ခံထွက်ဆိုချက်တွေအရ သံဖြူဇရပ်မြို့၊ ရဲတံခွန်ကျေးရွာနေ အလိန် (ခ) ကျော်လွင်ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး မတွေ့ရှိဘဲ ပွိုင့် ၂၂ ခြောက်လုံးပြူး ၁ လက် (ကျည်ရိုက်တံ မကောင်း) နဲ့ ကျည် ၅ တောင့်ကို သိမ်းဆည်းမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ကျော်လွင်အား သံဖြူဇရပ် မြို့မရဲခစန်းက လက်နက်ဥပဒေပုဒ်မ ၁၉(စ) နဲ့ အမှုဖွင့် စစ်ဆေးနေကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024