သံဖြူဇရပ်တွင် မူးယစ်ဆေးရှာရာမှ ခြောက်လုံးပြူးနှင့်ကျည်ဆန်များ ဖမ်းမိ
DVB
·
January 7, 2018
သံဖြူဇရပ်မြို့ ရဲတံခွန်ကျေးရွာ နေအိမ်တလုံးကို မူးယစ်ကွင်းဆက်အရ ၀င်ရောက်ရှာဖွေရာမှာ ခြောက်လုံးပြူး သေနတ်တလက်နဲ့ ကျည်ဆန်တွေကို တွေ့ရှိခဲ့ပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ ညနေပိုင်းက သံဖြူဇရပ်မြို့မရဲစခန်းက မူးယစ် ဆေးဝါးအမှု တရားခံ သက်မှူးအောင် (ခ) သက်မှူး ပါ ၂ ဦးရဲ့ အစစ်ခံထွက်ဆိုချက်တွေအရ သံဖြူဇရပ်မြို့၊ ရဲတံခွန်ကျေးရွာနေ အလိန် (ခ) ကျော်လွင်ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး မတွေ့ရှိဘဲ ပွိုင့် ၂၂ ခြောက်လုံးပြူး ၁ လက် (ကျည်ရိုက်တံ မကောင်း) နဲ့ ကျည် ၅ တောင့်ကို သိမ်းဆည်းမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ကျော်လွင်အား သံဖြူဇရပ် မြို့မရဲခစန်းက လက်နက်ဥပဒေပုဒ်မ ၁၉(စ) နဲ့ အမှုဖွင့် စစ်ဆေးနေကြောင်း သိရပါတယ်။