ပရီးမီးယားလိဂ် ပြစ်ဒဏ်ကျူးလွန်းဆုံးကစားသမားအဖြစ် ဂျက်ဝီလ်ရှိုင်းယား ထိပ်ဆုံးရှိနေ

ပရီးမီးယားလိဂ်ရဲ့ ပြစ်ဒဏ်အကျူးလွန်ဆုံး ကစားသမား စာရင်းမှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဝီလ်ရှိုင်းယားက ထိပ်ဆုံးက ရှိနေပါတယ်။
တပွဲပျမ်းမျှပြစ်ဒဏ် ၃ ဒသမ ၅၉ ကြိမ်ကျူးလွန်ထားခဲ့ပြီး ၁၁ ပွဲပဲကစားထားခဲ့ပါတယ်။
အဲနောက်မှာတော့ ဝက်ဖိုဒ့်အသင်းရဲ့ ကစားသမား ရစ်ချဲလ်လီဆင်က တပွဲပျမ်းမျှ ၃ ဒသမ ၃၂ ကြိမ်နဲ့ ဒုတိယ၊ ဘန်လေအသင်းရဲ့ ကစားသမား အက်ရှ်လေဘားနက်စ်က ၃ ဒသမ ၃၁ ကြိမ်၊ ဝက်စ်ဟမ်းအသင်းက ဂျာဗီယာဟာနန်ဒက်စ်က ၃ ဒသမ ၂၇ ကြိမ်၊ ချဲလ်ဆီးအသင်းတိုက်စစ်မှူး အီဒင်ဟာဇက် က ၃ ဒသမ ၀၈ ကြိမ် နဲ့ အသီးသီးရပ်တည်နေခဲ့ပါတယ်။
ဝီလ်ရှိုင်းယားဟာ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် ပြန်လည်ကစားတဲ့အချိန်မှာ ၁၁ ပွဲ ကစားရသေးပေမယ့် အခုလို ပြစ်ဒဏ်ကျူးလွန်သူ အများဆုံးစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်ခဲ့ပါတယ်။
ဝီလ်ရှိုင်းယားဟာ ခရစ္စတယ်ပဲလ်စ့်အသင်းနဲ့ ပွဲစဉ်မှာ ၇ ကြိမ်၊ ဝက်စ်ဘရွန်းအသင်းဟာ ၄ ကြိမ်၊ ချဲလ်ဆီး၊ ဝက်စ်ဟမ်း၊ လီဗာပူး၊ အသင်းတို့နဲ့မှာ ၃ ကြိမ်စီနဲ့ ကျန်အသင်းတွေနဲ့ပွဲစဉ်မှာ ၁ ကြိမ်စီ ကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။