Home
မြန်မာသတင်း
ဝန်ကြီး ဦးနေမျိုးကျော် နုတ်ထွက်စာတင်
DVB
·
January 7, 2018
26167441_2041572096086205_3829237399401678484_n
  အစိုးရအဖွဲ့ ဝန်ကြီးတာဝန်က နုတ်ထွက်စာတင်ထားတယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်က ပြောပါတယ်။ မကွေးမြို့တော်ခန်းမမှာ ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ရသပြည်ထောင်စုသစ် စာပေဆွေးနွေးပွဲ အဖွင့်အမှာစကားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ဒီလိုမျိုးပွဲတွေမှာ ဝန်ကြီးတယောက်အနေနဲ့ ပြောခွင့်ရတော့မှာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့ဝန်ကြီး တာဝန်က ထွက်စာတင်ထားပါတယ်။ အခုအချိန်မှာ သူ့အနေနဲ့ တုံ့ပြန်ပြောဆိုမှု မရှိခဲ့သည်မှာ ပါတီအား စည်းလုံးညီညွတ်မှု မပျက်ပြားစေရေး၊ ပါတီလုပ်ငန်းတွေမှာ အနှောင့်အယှက်မဖြစ်စေရေးအတွက်၊ လူထုခေါင်းဆောင်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ စကားရပ်မျိုး၊ အပြုအမှုမျိုး၊ အသုံးအနှုန်းမျိုးတွေ ကျနော့်နှုတ်က စိတ်လိုက်မာန်ပါ ထွက်သွားမှာမျိုး၊ ကျနော် အင်မတန် သတိထားတဲ့အတွက် ဒီကာလတွေမှာ မီဒီယာတွေကို ဘာမှ မပြောကြားခြင်းဖြစ်တယ်” လို့ ဦးနေမျိုးကျော်က ပြောပါတယ်။ မကွေးတိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာက “လွှတ်တော်မှာ စာမတင်ဘူးဗျ၊ လွှတ်တော်ကထွက်တာ လွှတ်တော်မှာ စာတင်စရာ မလိုဘူး။ ကော်မရှင်ကို တင်ရမှာ၊ ဝန်ကြီးက နုတ်ထွက်တာတော့ကြားတယ်။ ပါတီက နုတ်ထွက်တာ ဟုတ်ချင်လည်း ဟုတ်မယ်။” လို့ ပြောသည်။ ဦးနေမျိုးကျော်ဟာ ပြီးခဲ့တဲ့လတွေတုန်းက ဘဏ်ဝန်ထမ်းအမျိုးသမီးတဦးနဲ့ လူမှုရေး ဖောက်ပြန်မှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရမှုအချို့ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း ဦးနေမျိုးကျေ်က လုံးဝ မဟုတ်မှန်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ် ငြင်းဆိုခဲ့ပြီး ရေးသားသူကိုလည်း ဥပဒေကြောင်းရ ရင်ဆိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီနောက်ပိုင်း ပါတီဗဟိုကနေ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ (အန်အယ်လ်ဒီ) ပါတီရဲ့ တိုင်းအတွင်းရေးမှူးတာဝန်ကနေ ရပ်ဆိုင်းထားခဲ့ပါတယ်။ သတင်း - ကိုလင်း (ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024