တောင်ကိုရီးယားနိုင်ငံ ရေခဲပြင်ငါးမျှားပွဲတော် လူ ၁ သိန်းကျော် ပါဝင်ဆင်နွှဲ

တောင်ကိုရီးယားနိုင်ငံမှာ ဇန်နဝါရီ ၆ ရက်နေ့က စတင်ကျင်းပတဲ့ ရေခဲပြင်ငါးမျှားပွဲတော်မှာ လူ ၁ သိန်းကျော်  ဆင်နွှဲခဲ့ကြပါတယ်။ အပူချိန် သုညဒီဂရီစင်တီဂရိတ်အာက်ရောက်နေတဲ့ အအေးဒဏ်ကို အန်တုပြီး ရေခဲနေတဲ့ ရေအိုင်က ငါးမျှားပွဲမှာ ကိုယ်တိုင်ငါးမျှားသူ၊ လာရောက်ကြည်ရှုသူ လူ ၁ သိန်း ၃ သောင်း ၃ ထောင် အနည်းဆုံး ပါဝင်ဆင်နွဲခဲ့ကြတာလို့ ပွဲစီစဉ်သူတွေက ပြောကြားပါတယ်။ ဆန်းချဲနေးအို လို့ခေါ်တဲ့  ရေခဲပြင်ငါးမျှားပွဲတော်ကို ဆိုးလ်မြို့ရဲ့ ၇၅ မိုင်အကွာမှာရှိတဲ့ ဟွာချန်းဒေသမှာ ဇန်နဝါရီ ၂၈ ရက်နေ့ထိ ကျင်းပမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up