A d v e r t i s e m e n t With Us

ဂျေရုဆလင်အရေး အာရပ် ၆ နိုင်ငံ ၀န်ကြီးများ ဆွေးနွေး

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ြ်ပုလိုက်တဲ့ကိစ္စကို ဆွေးနွေးဖို့ အာရပ်  ၆ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇန်နဝါရီလ ၆ ရက်နေ့က ဂျော်ဒန်နို်င်ငံရဲ့ မြို့တော် အန်မန်မှာ တွေ့ဆုံခဲ့ကြပါတယ်။ အီဂျစ်၊ ဆော်ဒီအာရေဗီးယား၊ မော်ရိုကို၊ ယူအေအီးနဲ့ ဂျော်ဒန်နိုင်ငံ နဲ့ ပါလက်စတိုင်း အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြတာပါ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဂျေရုဆလင်မြို့ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုလိုက်တဲ့ ကိစ္စဟာ အာရပ်နိုင်ငံတွေကို အလွန်အမင်းဒေါသဖြစ်စေခဲ့တာပါ။ အမေရိကန်ရဲ့ မဟာမိတ် အနောက်နိုင်ငံ တွေကိုလည်း စိတ်ပျက်စေခဲ့ပါတယ်။ ဂျေရုဆလင်မြို့ကိစ္စဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးသဘောတူညီမှု ရဖို့ အကြီးဆုံး အတားအဆီးဖြစ်နေတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ အစ္စရေးက ဂျေရုဆလင် တမြို့လုံးကို သူတို့ရဲ့ မြို့တော်အဖြစ်ယူဆထားပြီး၊ ပါလက်စတိုင်းက ဂျေရုဆလင်အရှေ့ခြမ်းကို အနာဂတ်နိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်ဖို့ လိုလားနေ တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up