ဖားကန့် မြေပြိုမှုကြောင့် သေဆုံးသူ ၁၃ ဦး ရှိပြီ
DVB
·
January 7, 2018
ဖားကန့်မြို့နယ် ဝေခါကျေးရွာ မြေပြိုမှု ဖြစ်စဉ်မှာ ဒီနေ့မနက် လူ ၈ ဦးအလောင်း ထမ်မံ တွေ့ရှိရလို့ စုစုပေါင်း သေဆုံးသူ ၁၃ ဦး ရှိသွားပြီလို့ ဆိပ်မူကျေးရွာ သင်္ခါလူမှုကူညီရေးအသင်းဥက္ကဌ ဦးခင်မောင်က ပြောပါတယ်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝေခါကျေးရွာ ကျောက်စိမ်းလုပ်ကွက်မှာ ဇန်နဝါရီ ၆ ရက်နေ့ မနက် ၃ နာရီလောက်က မြေပြိုကျမှုကြောင့် တရားမဝင် ရေမဆေးကျောက်ရှာဖွေနေတဲ့ ရေမဆေးကျောက် တူးဖော်သူ ၅ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒီနေ့မနက် ထပ်မံရှာဖွေရာမှာ လူ ၈ ဦးရဲ့ အလောင်း ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။
သတင်း - ဇော်မိုးထက်
ဓာတ်ပုံ - သင်္ခါ လူမှုကူညီရေးအသင်း