A d v e r t i s e m e n t With Us

ရော်နယ်ဒိုကို တခြားအသင်းတွင် ကစားတာ မမြင်လိုဟု နည်းပြဇီဒန်းပြော

ရော်နယ်ဒိုကို ရီးရဲလ်အသင်းက လွဲပြီး အခြားအသင်းတွေမှာ ကစားတာ မမြင်ခြင်ဘူးလို့  ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းက ပြောလိုက်ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် အသက် ၃၂ နှစ် အရွယ် ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ အနာဂတ်မရေရာဖြစ်နေပြီး အသင်းက ထွက်ခွာလိမ့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာပါ။ ရော်နယ်ဒိုမရှိတဲ့ ရီးရဲလ်အသင်းကို စိတ်တောင်မကူးနိုင်ကြောင်းနဲ့ အသင်းကနေ မထွက်ခွာစေလိုကြောင်း နည်းပြဇီဒန်းက ပြောပါတယ်။ သူဟာ ရီးရဲလ် ကစားသမားတစ်ယောက်ဖြစ်ပြီး အခြားဘယ်အသင်းအတွက်မှ ကစားနေတာ မမြင်ချင်ဘူးလို့လည်း ပြောပါတယ်။ လက်ရှိဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပြိုင်ပွဲမှာ အခြေအနေမကောင်း ဖြစ်နေပြီး အဓိက ပြိုင်ဘက်  ဘာဆီလိုနာအသင်းနဲ့ ၁၄ မှတ်ထိ ကွာဟနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up