A d v e r t i s e m e n t With Us

သြစတြေးလျတွင် အပူလှိုင်းကျရောက်၊ နေရာ ၅၀ ကျော် မီးလောင်

သြစတြေးလျနိုင်ငံက ပြည်နယ် ၃ ခုမှာ အပူလှိုင်းကျရောက်နေပြီး ဗစ်တိုးရီးယားပြည်နယ်က နေရာ ၅၀ ကျော်မှာ မီးလောင်ခဲ့တာကြောင့် အိမ် ၄၀၀ လောက် လျပ်စစ်မီး ပြတ်တောက်နေတယ်လို့ ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ကော်မရှင်နာ ကရစ်လက်ပ်စလေက ပြောကြားပါတယ်။ အပူလှိုင်းကျရောက်မှုကြောင့် အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်နေတာဖြစ်ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်ရဲ့ မြို့တော် မဲလ်ဘုန်း အစွန်ဒေသတွေမှာ သစ်ပင်တွေ မီးလောင်ရာကနေ အဆောက်အဦများစွာကို ကူးစက်လောင်ကျွမ်းခဲ့ပြီး ငြိမ်းသတ်လို့မရ ဖြစ်နေတာပါ။ လူအများအနေနဲ့ အစိုးရရဲ့ သတိပေးချက်တွေကို နားစွင့်ထားကြဖို့ကိုလည်း ပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ကော်မရှင်နာ ကရစ်လက်ပ်စလေက ပြောကြားပါတယ်။ ဗစ်တိုးရီးယားပြည်နယ်နဲ့ တောင်သြစတြေးလျ ပြည်နယ်တွေမှာ အရေးပေါ် သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။ တောင်သြစတြေးလျပြည်နယ် အရှေ့တောင်ဘက် အစွန်ကျတဲ့ နေရာမှာ မီးလောင်နေပြီး လမ်းတွေဟာလည်း ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲတာကြောင့် ဒေသနေပြည်သူတွေဟာ အဆောက်အဦတွေမှာ နေထိုင်နေကြရတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up