Live
Home
မြန်မာသတင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပြင်ဆင်ထားဟု ကော်မရှင်ညွန်ချုပ်ပြော
DVB
·
January 6, 2018
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ထားတယ်လို့ ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။ ဇန်န၀ါရီ ၆ ရက်နေ့က နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှာ ပြုလုပ်တဲ့ ဇန်န၀ါရီ လ ၂၂ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ရန်ကုန်မြို့မှာ ကော်မရှင်နဲ့ UNODC တို့ ပူးပေါင်းပြီး အဂတိလိုက်စားမှု တွန်းလှန်ဖို့၊ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့ ခေါင်းစဉ်နဲ့ပြုလုပ်မယ့် စာတမ်းဖတ်ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ ဦးထင်ကျော်က ပြောကြားခဲ့တာပါ။ အဂလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ထားကာ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်ကို ပေးပို့သွားမှာ ဖြစ်ပြီး ဘာတွေ ပြင်ဆင်ထားတယ်ဆိုတာကိုတော့ အသေးစိတ်ပြောလို့ မရသေးကြောင်း ပြောပါတယ်။ “အကုန်လုံးကိုတော့ ဥပဒေကို ခိုင်မာအောင်ရယ်၊ ကော်မရှင်က အလုပ်လုပ်လို့ရအောင်ရယ် ပြင်ထားပါတယ်။ ဥပဒေပြင်ဆင်ချက် စုစုပေါင်း ၂၅ ချက်ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေက အခုအချိန်မှာ ပြောလို့ အဆင် မပြေ သေးလို့ပါ။” ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တစ်ကြိမ်၊ အခုလက်ရှိ သမ္မတ ဦးထင်ကျော်လက်ထက်မှာ နှစ်ကြိမ် ပြင်ဆင်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဥက္ကဋ္ဌအဖြစ် အရင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်နဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပြီး သက်တမ်းတစ်လကျော်သာရှိသေးတဲ့ ကော်မရှင်အသစ်လက်ထက်မှာ တိုင်ကြားစာပေါင်း ၃၉၂ စောင်ရှိတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024