A d v e r t i s e m e n t With Us

ထရမ့်အကြောင်း ရေးထားသည့်စာအုပ် အရောင်းရဆုံးစာရင်း ၀င်နေ

CORTE MADERA, CA - JANUARY 05: Copies of the book "Fire and Fury" by author Michael Wolff are displayed on a shelf at Book Passage on January 5, 2018 in Corte Madera, California. A controversial new book about the inner workings of the Trump administration hit bookstore shelves nearly a week earlier than anticipated after lawyers for Donald Trump issued a cease and desist letter to publisher Henry Holt & Co. (Photo by Justin Sullivan/Getty Images)
Fire and Fury ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ၉ လတာ ကာလအတွင်း အိမ်ဖြူတော်တွင်း အခြေအနေတွေကို ရှုတ်ချရေးသားထားတဲ့ စာအုပ်ဟာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့မှာ အရောင်းရဆုံးစာရင်းဝင်နေပါတယ်။ ဂျာနယ်လစ် မိုက်ကယ်ဝုလ်ဖ် ရေးသားတဲ့ Fire and Fury နာမည်အပြင် ခေါင်းစဉ်ခွဲ “ထရမ့်ရဲ့ အိမ်ဖြူတော် အတွင်းမှာ” ဆိုတဲ့ ဒီစာအုပ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ရှေ့နေတွေက တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့သလို၊ ထုတ်ဝေခြင်းမလုပ်ဖို့ကိုလည်း တားမြစ်ခဲ့ပါသေးတယ်။ သမ္မတဒေါ်နယ်ထရမ့်က အလိမ်အညာတွေနဲ့ပြည့်နေတဲ့အရာလို့ ပြောဆိုထားတဲ ဒီစာအုပ်မှာ အိမ်ဖြူတော်မှာ ဖြစ်ပျက်နေတဲ့ ကသောင်းကနင်းအခြေအနေတွေကို ရေးသားထားပါတယ်။ နောက်ပြီး ထရမ့်ဟာ သမ္မတဖြစ်လာဖို့ရာမှာ ကြိုတင်ပြင်ဆင်မှုအားနည်းပုံ၊ ထရမ့်ရဲ့ အရည်အသွေးအပေါ် မယုံကြည်ကြတဲ့ သူ့လက်အောက်မှာ အလုပ်လုပ်နေသူတွေ အကြောင်းကို ရေးသားထားပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ လက်အောက်မှာ အလုပ်လုပ်နေသူတွေက ထရမ့်ကို ကလေးဆန်သူလို့ ရှုမြင်ကြတယ်လို့လည်း စာအုပ်ရေးသူ မိုက်ကယ်ဝုလ်ဖ်က NBC သတင်းဌာနကိုပြောကြားပါတယ်။ ဒီစာအုပ်ဟာ အမေရိကန်နဲ ဗြိတိန်မှာ အရောင်းသွက်နေသလို၊ အမေဇုန် အွန်လိုင်းရောင်းဝယ်ရေးမှာလည်း အရောင်းရဆုံး စာရင်းဝင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up